fbpx

2023 ခုနှစ်တွင် PBX System များကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် Panasonic

ဂျပန် နိုင်ငံရဲ့ electronic ကုမ္ပဏီကြီးဖြစ်တဲ့ Panasonic ဟာ (၀၂. ၁၂. ၂၀၂၀) မှ စတင်ပြီး  နှစ်နှစ်အတွင်း Panasonic ရဲ့  စီးပွားရေးဆိုင်ရာ ဆက်သွယ်ရေး လုပ်ငန်းတွေ ဖြစ်တဲ့ ( Panasonic PBX တယ်လီဖုန်းစနစ် ၊ SIP တယ်လီဖုန်းစနစ် များ နဲ့ scanners ) များကို ရပ်ဆိုင်းဖို့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ ၎င်းရဲ့ ပါတနာ တွေကို ပေးပို့ခဲ့တဲ့ email မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းဂျပန် လုပ်ငန်းစုဟာဆိုရင် Microsoft teams လိုမျိုး cloud နည်းပညာကို အခြေခံတဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နည်းပညာ platform တွေလို လျင်မြန်စွာ ကူးပြောင်း နိုင်မှု နဲ့ ဆန်းသစ် တီထွင်မှုမရှိနိုင်မှုတွေဟာ ကြေညာချက်ရက်မှစတင်ပြီး လာမယ့် (၂) နှစ်အတွင်း တယ်လီကွန်း စျေးကွက်မှ ထွက်ခွာဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ရဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဘယ်အချိန်မှာ Panasonic ရဲ့  Phone System တွေဟာ ရပ်တန့်သွားမှာလဲ။

ကြေညာချက်ထုတ် ပြန်တဲ့နေ့ကစပြီး (၂) နှစ်အတွင်း Panasonic ရဲ့ PBX တယ်လီဖုန်းစနစ်တွေဟာာ ရပ်ဆိုင်းသွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် PBX တယ်လီဖုန်း စနစ်ရဲ့ အစိတ်အပိုင်းထုတ်လုပ်မှုတွေဟာလည်း ရပ်ဆိုင်းတော့မှာ ဖြစ်ပြီး ပစ္စည်း အရင်းအမြစ်တွေကို ရယူဖို့အတွက်လည်း ခက်ခဲသွားတော့မှာ ဖြစ်ပါတယ်။ Panasonic ဟာ အဆိုပါ ပစ္စည်းတွေကို ရပ်ဆိုင်းလိုက်တဲ့ အတွက်ကြောင့်မို့ Panasonic ရဲ့ PBX နဲ့ SIP တယ်လီဖုန်းစနစ်ဟောင်း များကို ပြုပြင်ဖို့အတွက်ဆိုရင်တော့  ပိုပြီး ခက်ခဲလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Panasonic ရဲ့ တယ်လီဖုန်း system ကို အသုံးပြုသူတွေအတွက် အစားထိုး system တစ်ခု ကို ရှာဖို့ လိုအပ်ပါတယ်။

Pansonic ရဲ့ ထုတ်လုပ်ခြင်း ရပ်တန့်လိုက်တဲ့ products နဲ့ headsets တွေကို သိချင်တယ်ဆိုရင်တော့ အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အကယ်လို့ သင့်ရဲ့  စီးပွားရေးလုပ်ငန်းမှာ Panasonic ရဲ့ ရပ်ဆိုင်းလိုက်တဲ့ PBX တယ်လီဖုန်း

စနစ်ကို အသုံးပြုနေတယ်ဆိုရင် ရှေ့ဆက်ဘယ်လို လုပ်မှာလဲ။

လက်ရှိ Panasonic ရဲ့ customers တွေအနေနဲ့ PBX တယ်လီဖုန်း စနစ်အတွက်ဆိုရင် နောက်ထပ် ဘယ် vendor က သင့်အတွက် အဆင်ပြေမလဲဆိုပြီး စတင်စဉ်းစားဖို့ အချိန်တန်ပြီဖြစ်ပါတယ်။ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာ စျေးကွက်ရဲ့ အနာဂတ်ဟာဆိုရင် cloud နည်းပညာကို အခြေခံတဲ့ platform တွေရဲ့ လွှမ်းမိုးမှုခံရတော့မှာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ သမားရိုးကျ တယ်လီဖုန်းဆက်သွယ်ရေး စနစ်တွေနေရာမှာ cloud နည်းပညာ ကို အခြေခံတဲ့ platform တွေ tools တွှေကို ပြောင်းလဲအသုံးပြုလာကြတော့ မှာကို ဆိုလိုတာပါ။ ၎င်းစနစ်တွေဟာဆိုရင် စီးပွားရေးဆိုင်ရာ ဆက်သွယ်ရေး စနစ်ကို နောက်တစ်ဆင့်သို့ ယူဆောင် လာနေတာဖြစ်ပြီး သူ့မှာဆိုရင် video conferencing , team chat, document sharing . course calling နဲ့ dial plans တွေအားလုံးကို Platform တစ်ခုတည်းကနေ လုပ်ဆောင်နိုင်တဲ့ features တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

Panasonic customers တွေ အနေနဲ့ အဆင့်မြင့်တဲ့ PBX system ကို ပြောင်းလဲအသုံးပြုဖို့ဆိုရင် ကမ္ဘာအနှံ့ မှာရော မြန်မာပြည် စျေးကွက်ထဲ မှာရော နာမည် အကြီးဆုံး brand တွေ ဖြစ်တဲ့ 3CX PBX Phone System နဲ့  Yeastar PBX System ကို​ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

  • 3CX PBX Phone System

3CX ဖုန်း စနစ် ဟာဆိုရင်တော့ open platform တစ်ခုဖြစ်ပြီးတော့ လူကြိုက်များတဲ့ IP ဖုန်းတွေ အပြင် SIP Trunks တွေနဲ့ပါ အသုံးပြုလို့ အဆင်ပြေပါတယ်။ စီးပွားရေးလုပ်ငန်းမျိုးစုံအတွက် တွက်ခြေကိုက်တဲ့ အပြင် call queues , bulit-in video calls နဲ့ web conferencing လို အဆင့်မြင့်တဲ့ features တွေပါအသုံးပြုလို့ရနိုင်တဲ့အတွက် သုံးစွဲသူတွေကို စရိတ်စက သက်သာစေပါတယ်။

  • Yeastar PBX System

Yeastar  ဖုန်းစနစ် ဟာဆိုရင်တော့ SMEs တွေအတွက်  cloud-based နဲ့ on-premises VOIP PBX စနစ်တွေကို ပံ့ပိုးပေးပြီးတော့ ဝန်ထမ်းတွေ နဲ့ clients တွေအကြား ပိုမိုထိရောက်စွာ ချိတ်ဆက်ပေးတဲ့ Unified Communications (UC) စနစ်ကို လည်း ပံ့ပိုးပေးနိုင်ပါတယ်။

အခုကာလဟာ ဆိုရင်တော့ cloud-hosted phone system တစ်ခုကို ပြောင်းလဲဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်း အတွက် သင့်တော်တဲ့ PBX phone system တွေကို ပြောင်းလဲ အသုံးပြုချင်တယ်ဆိုရင်တော့ MMCloud မှ ကျွမ်းကျင် ပညာရှင်များမှ အသေးစိတ် ဆွေးနွေးပေးပြီး အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေကို ပေးစွမ်းနေတာဖြစ်ပါတယ်။ MMCloud ဟာဆိုရင် မြန်မာပြည်မှာ သာမက အရှေ့တောင်အာရှ မှာပါ PBX service ကိုဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ ပြည်တွင်း၊ ပြည်ပ clients ပေါင်း ရာကျော်ရှိပါတယ်။

MMCloud ရဲ့ PBX service ဝန်ဆောင်မှုတွေကို ရယူချင်တယ်ဆိုရင်တော့ 09 4444 91915 ကို ခေါ်ဆိုနိုင်သလို sales@klinkenterprise.com ကိုလည်း email ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။

Source

https://blog.twinstate.com/panasonic-shuts-down-communications-business-heres-whats-next

https://www.uctoday.com/unified-communications/panasonic-to-close-business-communications-arm/

https://business.panasonic.co.uk/communication-solutions/discontinued-products

Post a Comment

The Captcha image Change Image | Phonetic spelling (mp3)