
Ticketing System in Omni Channel Contact Center
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ပြောဆိုဖို့ အဓိက communication platform အနေနဲ့ အသုံးပြုခဲ့ကြတာကတော့ ဖုန်းခေါ်ဆိုမှုတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ ရှိတဲ့ ကုမ္ပဏီတော်တော်များများ ဟာ စီးပွားရေးလုပ်ငန်းအရ ဖုန်းခေါ်ဆိုမှုတွေမှာ အသေးစိတ်အချက်အလက်တွေကို မှတ်တမ်းတင်နိုင်ဖို့နဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်နိုင်ဖို့ အတွက် အဆင့်မြင့်တဲ့ နည်းပညာတွေ အသုံးပြုနေကြပါပြီ။ သူတို့တွေဟာ ဘယ်သူတွေက သူတို့ရဲ့ စီးပွားရေးကို ခေါ်ဆိုနေကြလဲ၊ ဘာကြောင့် ခေါ်ဆိုနေကြတာလဲ၊ ဒီခေါ်ဆိုမှုတွေကို ဘယ်သူတွေက ကိုင်တွယ်နေပြီးတော့ ဖုန်းခေါ်ဆိုမှုတွေအတွက် အချိန် နဲ့ ငွေဘယ်လောက် အသုံးပြုနေရလဲဆိုတာကို အသေးစိတ်သိချင်ကြပါတယ်။ ဒါ့အပြင် ကိုယ့်စီးပွားရေးနဲ့ ပတ်သက်တဲ့ customer complaint မှန်သမျှကို အကုန် manage လုပ်နိုင်ဖို့ ticketing system ကို အသုံးပြုလာကြပါတယ်။ Ticketing ဆိုတာကဘာလဲဆိုတော့ ဝင်လာသမျှ ဖုန်းခေါ်ဆိုမှုတိုင်းကို ဘယ်သူက ဘယ်ဖုန်းနံပါတ်နဲ့…