fbpx

ဒီဂျစ်တယ်ခေတ်တွင် သိသင့်သိထိုက်သော business communications နည်းပညာများ

ဒီဂျစ်တယ်ခေတ်တွင် သိသင့်သိထိုက်သော business communications နည်းပညာများ

၂၀၂၀ နှစ်စပိုင်းလောက်ကတည်းကစပြီး Covid-19 ရောဂါ အခြေအနေတွေကြောင့် work from home လုပ်ရတာတွေမြင့်တက်လာပြီး ရုံးကသူတွေအချင်းချင်းဖြစ်စေ၊ ကိုယ့်ရဲ့ clients တွေ နဲ့ဖြစ်စေ digitally အရ ဆက်သွယ်‌ပြောဆို အလုပ်လုပ်ကိုင်လာကြရပါတယ်။ အရင်က အလုပ်ချိန်အတွင်း ရုံးခန်းထဲမှာပဲ မျက်နှာချင်းဆိုင် အလုပ်လုပ်နေရာက အခုဆိုရင် ရုံးခန်းထဲမှာမဟုတ်ဘဲ ကိုယ်ရှိနေတဲ့ ဘယ်နေရာကမဆို အင်တာနက်ကနေ တဆင့် အလွယ်တကူ အလုပ်လုပ်နေကြပြီပဲဖြစ်ပါတယ်။

လူတော်တော်များများက remote workforce ဖြစ်လာကြတာကိုသဘောကျကျပေမယ့် တချို့သူတွေကျ သဘောမကျတာတွေရှိ ကြပါတယ်။ အမှန်တကယ်လက်တွေ့မှာဆိုရင်တော့ digital workspace က ပိုပြီး manage လုပ်ဖို့လွယ်သလို workforce ကို တိုင်းတာဖို့လည်း ပိုပြီး အဆင်ပြေပါတယ်။ digital စနစ်တွေ နဲ့ချိတ်ဆက်ထားတဲ့ environment မှာ အသင်းအဖွဲ့တွေ အတွက် ပူးပေါင်းဆောင်ရွက်ပြီး လွယ်ကူချောမွေ့စွာ လုပ်ကိုင်နိုင်တာ ဟာအဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဖွဲ့အစည်းတော်တော်များများက မိမိရဲ့ ဝန်ထမ်းတွေ ၊ ဘယ် device တွေနဲ့ ဘယ်နေရာပဲရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ပြီး အပြန်အလှန်ဆက်သွယ်ဆောင်ရွက်နိုင်ဖို့အတွက် နည်းဗျူဟာတွေ ချပြီး လုပ်ဆောင်နေကြပါပြီ။ အယ့်ဒီ့ထဲမှာမှ internal communication အတွက်သာမကဘဲ business communication အတွက်ပါ အကျိူးရှိစေတဲ့ business communication software တွေ အသုံးပြုလာတာက အရေးကြီးတဲ့ အခန်း ကဏ္ဍ တစ်ရပ်ဖြစ်လာပါတယ်။

ယနေ့ခေတ်မှာ seamless experience တွေရနိုင်ဖို့ဆို internal သာမက external communication ပါ မရှိမဖြစ်လိုအပ်လာပါတယ်။ လူကြီးမင်းတို့ ဘယ်နေရာမှာပဲရှိနေရှိနေ ၊ client တွေ နဲ့ရော employee တွေ နဲ့ပါဆက်သွယ်ပြောဆိုနိုင်ဖို့ အသုံးများတဲ့ business communication solutions အချို့ကို ပြောပြပေးချင်ပါတယ်။

အသုံးများတဲ့ solutions တွေကတော့

  • MMCloud လို cloud based business VoIP
  • Salesforce, Zoho တို့လို Customer Relationship software
  • Zoom, Cisco WebEx တို့လို video conferencing software
  • Microsoft Teams , Slack တို့လို Team Communication software
  • GoToWebinar လို webinar software
  • Asana လို project management software
  • Zendesk, Freshdesk တို့လို Customer Support software
  • Hoot suite လို social media management software
  • Mailchimp, Constant Contact တို့လို email marketing software တွေပဲဖြစ်ပါတယ်။  အပေါ်မှာ ပြောပြထားတဲ့အထဲက တချို့သာ free version သုံးလို့ရတာ ဖြစ်ပြီး အများစုကတော့ monthly or yearly pay စနစ်တွေ နဲ့ အသုံးပြုလို့ရနိုင်တာပဲဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ခေတ်ကာလအခြေအနေတွေအရ business အများစုက digital transformation လုပ်ပြီး အဆင့်မြင့်တဲ့နည်းပညာတွေ နဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီး လွယ်လွယ်ကူကူလုပ်ဆောင်နေတဲ့ အချိန်မှာ လူကြီးမင်းတို့လည်း မသိလိုက်တာ မရှိရလေအောင် knowledge sharing လေးပြုလုပ်ပေးလိုက်ရပါတယ်။

Post a Comment

The Captcha image Change Image | Phonetic spelling (mp3)