fbpx

Unified Communications

Unified Communications

Unified Communications ဆိုတဲ့ နည်းပညာဟာ ၉၀ ခုနှစ်လောက်ကတည်းက ပေါ်ပေါက်လာခဲ့ပေမယ့် အခုနှစ်များမှာတော့ ပိုပြီး‌ ရေပန်းစားလာပါတယ်။ သူ့ရဲ့ market size ကလည်း ကမ္ဘာအနှံ့မှာ တဖြည်းဖြည်း ကြီးထွားလာပြီး နှောင်နှစ်ကာလတွေမှာလည်း ဒီထက်မက တိုးပွားလာဖို့ရှိပါတယ်။

Unified Communications က ဘာလဲ။

Unified Communications ဆိုတာက အလွယ်တကူပြောရမယ်ဆိုရင် platform တစ်ခုထဲမှာ ပဲ communication channels တွေကို စုပေါင်းထားတဲ့ Cloud Based Business Communication Platform ကြီးပါပဲ။ စီးပွားရေးအရ employee အချင်းချင်းသာမက clients, customers တွေ နဲ့ ဆက်သွယ်ရတဲ့အခါမှာ ဖုန်းပြောဆိုတာတွေ ၊ website က live chat တွေ၊ SMS texting ၊ Social media messaging တွေ video conferencing ခေါ်တာတွေ ကို tab တစ်ခုချင်းစီပြောင်းစရာမလိုဘဲ platform တစ်ခုထဲမှာပဲ အကုန် ပြောဆိုဆက်သွယ်လို့ရတဲ့ နည်းပညာကို unified communications လို့ခေါ်တာပဲ ဖြစ်ပါတယ်။

Single Platform ကိုပဲ အသုံးပြုပြီး business operations တွေအတွက် communicate လုပ်နိုင်တာမို့ အသုံးပြုသူတွေ အနေနဲ့ အချိန်ကုန်သက်သာပြီး customer service experience မှာလည်း ကောင်းမွန်တဲ့ရလာဒ် တွေ ရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။

Unified Communication ဟာ cloud based ဖြစ်တဲ့အတွက် မြန်နှုန်းမြင့် အင်တာနက်လိုင်းဆွဲအားကို အသုံးပြုရပြီး ဒေတာတွေကို ပေးပို့တာ၊ လက်ခံတာတွေကို standard PSTN (Public Switched Telephone Network) အစား VoIP( Voice Over Internet Protocol) မှတဆင့် ပြုလုပ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ device နဲ့ မြောက်မြားစွာသော real time communication channels တွေ ကို single “ unified “ interface နဲ့ access ပြုလုပ်နိုင်ပါတယ်။ Devices တွေ အများကြီး ပြောင်းပြီးသုံးစရာမလို ၊ Applications တွေ ပြောင်းပြီး သုံးစရာမလိုဘဲ အင်တာနက်ရတဲ့ ဘယ်နေရာမဆို အသုံးပြုနိုင်တဲ့အတွက် remote work တွေ အတွက်ပါ အဆင်ပြေပြီး internally ရော externally ပါ communicate လုပ်နိုင်ပါတယ်။ အသုံးပြုရတာ flexible ဖြစ်တဲ့အပြင် advanced telephony system features တွေပါလို့ In house call center ပါပြုလုပ်လို့ရနိုင်ပါတယ်။ ဒါ့အပြင် အခြား Platform တွေနဲ့ API integration လည်းလုပ်လို့ရပါသေးတယ်။   

Unified Communications မှာ ဘာတွေပါလဲ။

အဓိက အနေနဲ့ cloud based voice telephony system ပါဝင်ပြီး instant chat messaging, website live chat, sms texting, social media messaging, video conferencing, file sharing and screen sharing dashboard report တွေ ပါဝင်ပါတယ်။ ရုံးတွင်း communication အတွက်သာမက Sales အပိုင်းရော customer service အပိုင်းအတွက်ပါ အသုံးဝင်တဲ့အတွက် အခုနောက်ပိုင်း company အများစုဟာ Unified Communications ကို စိတ်ဝင်စားပြီး လုပ်ဆောင်လာကြပြီပဲဖြစ်ပါတယ်။

Unified Communications ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။

Unified Communications နည်းပညာဟာ team communication နဲ့ collaboration အပိုင်းတွေမှာ တိုးတက်စေနိုင်ပြီးတော့ employees တွေရဲ့ productivity ကိုလည်း မြင့်တက်စေပါတယ်။ ဒါ့အပြင် major operational cost တွေ အတွက်လည်း cost saving ဖြစ်စေနိုင်ပါသေးတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ခေတ်ကာလအခြေအနေတွေအရ business အများစုက အဆင့်မြင့်တဲ့နည်းပညာတွေ နဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီး လွယ်လွယ်ကူကူလုပ်ဆောင်နေတဲ့ အချိန်မှာ လူကြီးမင်းတို့လည်း မသိလိုက်တာ မရှိရလေအောင် knowledge sharing လေးပြုလုပ်ပေးလိုက်ရပါတယ်။

Post a Comment

The Captcha image Change Image | Phonetic spelling (mp3)