fbpx

သင့်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ Telecommunication ကို Cloud Based ပြောင်းလဲသင့်လား။

cloud pbx myanmar

ယနေ့ခေတ် နည်းပညာတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ မိမိရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပုံမှန်ရိုးရိုးတန်းတန်း ပြုလုပ်လည်ပတ်နေရာကနေ နည်းပညာတွေနဲ့ အဆင့်မြှင့်တင်ပြီးပြောင်းလဲလုပ်ကိုင်နေကြပါပြီ။ Digitalization ဆိုတဲ့စကားလုံးကို နေရာတော်တော်များများမှာ ကြားနေရပြီး တချို့စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ခေတ်နဲ့တပြေးညီ ပြောင်းလဲ လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ တချို့ကျတော့ ပြောင်းလဲမှုအတွက် ကြိုးစားလျက် ရှိနေကြပြီးတစ်ချို့ကျတော့ Digital transformation လုပ်ပြီးတဲ့နောက် ရရှိလာတဲ့အကျိုးရလာဒ်တွေကိုခံစားနေရပြီဖြစ်ပါတယ်။ အကယ်လို့သင်ဟာ အများနည်းတူ မပြောင်းလဲနိုင်သေးဘူးဆိုရင်တော့ သင့်ရဲ့စီးပွားရေးဟာ အနည်းနဲ့ အများနောက်ကောက်ကျနိုင်ချေရှိပါတယ်။ အခုပြောပြချင်တာကတော့ ကျွန်မတို့ ရဲ့ ဆက်သွယ်ရေးဆိုင်ရာပိုင်းမှာ ရိုးရိုးတန်းတန်းအသုံးပြုနေကြဖြစ်တဲ့ PBX ( Private Branch Exchange) ကို cloud နည်းပညာနဲ့ အခြေခံပြီးအဆင့်မြှင့်တင်အသုံးပြုနိုင်တဲ့ Cloud based PBX အကြောင်းပြောပြချင်ပါတယ်။

(၂)ခုလုံးကတော့ ဒီဂျစ်တယ်နည်းစနစ်တွေကို အသုံးပြုထားတာပါ။Cloud နည်းပညာကိုအသုံးပြုထားတဲ့ PBX ဖုန်းစနစ်တွေဟာ အရှေ့နှစ်တွေအတွင်းမှာပဲ ပိုပြီးရေပန်းစားလာခဲ့ပါတယ်။ ဘယ် Hardware ကိရိယာမှ တပ်ဆင်စရာမလို၊ ထိန်းသိမ်းစရာမလိုဘဲ အဆင်ပြေပြေအသုံးပြုနိုင်တဲ့ ဖုန်းစနစ်ဟာဆိုရင် လုပ်ငန်းငယ်တွေ အတွက်ရော လုပ်ငန်းကြီးသမားတွေအတွက်ပါ မျက်စိကျစရာဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သင်ဟာ ကိုယ့်ရဲ့ စီးပွားရေးအတွက် Cloud based PBX ကို အသုံးမပြုခင် သူ့ရဲ့ သဘာဝ၊ လည်ပတ်လုပ်ဆောင်ပုံ၊ အားသာချက်၊အားနည်းချက်နဲ့ အတူ သင့်လုပ်ငန်းအတွက် ကိုက်ညီမှုှရှိရဲ့လားဆိုတာကိုသိထားဖို့က အရေးကြီးပါတယ်။

Cloud based PBX အကြောင်းကိုသေသေချာချာသိလိုပြီး ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် အသုံးပြူချင်တယ်ဆိုရင်တော့ K-Link Enterprise solutions ကုမ္ပဏီမှ ကူညီပေးပါရစေ။

ပထမဦးဆုံးအနေနဲ့ PBX ဆိုတာ ဘာလဲဆိုတာကိုရှင်းပြပေးပါမယ်။

PBX system ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း ကိုယ့်ရဲ့ organization တစ်ခုမှာ အတွင်းရော အပြင်ပါ ဆက်သွယ်ပြောဆိုနိုင်တဲ့ လုပ်ငန်းအဆင့်အသုံးပြုကြတဲ့တယ်လီဖုန်းကွန်ရက်တစ်ခုပဲဖြစ်ပါတယ်။ ဒီစနစ်ဟာ ရိုးရိုး အိမ်သုံး နဲ့ ကိုယ်ပိုင်သုံးဖုန်းစနစ်တွေနဲ့ မတူပါဘူး။ပုံမှန်အားဖြင့်ဆိုရင်တော့ organization အတွင်း တစ်ယောက်နဲ့တစ်ယောက် ဖုန်းခေါ်ဆိုမှုတွေ၊ ပြင်ပမှာရှိတဲ့ သူတွေကို ဖုန်းခေါ်ဆိုနိုင်တဲ့ စနစ်တွေ၊ ဖုန်းနံပါတ်တစ်ခုထဲနဲ့ extensions ပေါင်းများစွာ ချိတ်ဆက်ထားနိုင်ပြီးဆက်သွယ်ပြောဆိုနိုင်တာတွေ၊ customer waiting queues တွေ hold music တွေပါဝင်တဲ့ ဆက်သွယ်ရေးစနစ်တစ်ခုပါ။ ဒါကတော့ ယေဘူယျအားဖြင့် ပြောပြခြင်းသာဖြစ်ပြီး သူ့ရဲ့ ရရှိနိင်တဲ့ Features တွေကတော့ traditional အသုံးပြုသူတွေ နဲ့ cloud based အသုံးပြုသူတွေ အပေါ်မူတည်ပြီးရရှိနိုင်တဲ့ လုပ်ဆောင်မှုတွေကွာသွားမှာပါ။

Traditional PBX (သို့) On-Premise PBX ဆိုတာဘာလဲ။

Traditional PBX ကို On-Premise PBX လို့လူသိများကြပါတယ်။ On-Premise PBX ဟာဆိုရင် IP(Internet Protocol)နည်းပညာကိုအသုံးပြုထားပါတယ်။ သူ့ကို အသုံးပြုချင်တယ်ဆိုရင်တော့ Hardware တွေ server တွေကို organization ရဲ့ အဆောက်အဦးအတွင်းမှာတပ်ဆင်ရတာဖြစ်ပြီး ကိုယ်ပိုင် ITပညာရှင်တွေနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေပြုလုပ်ရပါတယ်။ကုမ္ပဏီချင်း ဖုန်းခေါ်ဆိုမှုတွေအတွက် တပ်ဆင်ထားတဲ့ အဆောက်အဦးအတွင်းသာ အသုံးပြုနိုင်ပြီး call center အတွက်ဆိုရင်တော့ call center agent တွေဟာ အယ့်ဒီ့ အဆောက်အဦးအတွင်းသာ အထိုင် ဖုန်းတွေနဲ့ အတွင်းရော အပြင်ပါ ခေါ်ဆိုမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အကယ်လို့ organization အတွင်းခေါ်ယူတဲ့ လူဦးရေ တိုးချင်တာတို့call center agent တွေ တိုးပြီး ဆက်သွယ်ခေါ်ယူမှုတွေပြုလုပ်မယ်ဆိုရင် hardware တွေ server တွေပါ အသစ်ပြန်လည်ပြုလုပ် တပ်ဆင်ရမှာပါ။

Cloud PBX ဆိုတာကရောဘာလဲ။

Cloud PBX  ဆိုတာကတော့ သာမန် PBX system ကို VOIP(Voice over Internet Protocol) လို့ခေါ်တဲ့ နည်းပညာနဲ့ အဆင့်မြှင့်တင်အသုံးပြုထားတာပါ။ လွယ်လွယ်နဲ့ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ကျွန်မတို့ သမားရိုးကျ PBXကနေတဆင့် ဖုန်းခေါ်ဆိုမှုတွေကို အင်တာနက်ကနေတဆင့် အဆင့်မြှင့်ပြီး ဖုန်းခေါ်ဆိုမှုတွေပြုလုပ်တာပဲဖြစ်ပါတယ်။ Cloud PBX ကို hosted PBX လို့ လဲသိကြသလို virtual PBXလို့လဲခေါ်ဝေါ်ကြပါတယ်။ သူက digital စနစ်တွေအတိုင်း server ပေါ်မှာ software ကို host လုပ်မယ့်အစား cloud အတွင်းမှာပဲ software တွေရော data တွေပါ host လုပ်လိုက်တာပါ။Cloud PBX မှာဆိုရင် တပ်ဆင်ရမယ့် Physical equipment တွေမလိုအပ်ပါဘူး။ အပေါ်က ပြောခဲ့သလိုပဲ equipment တွေအကုန်လုံးကို cloud ပေါ်မှာ host လုပ်ထားတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ flexible ဖြစ်စေပါတယ်။ ဒါ့အပြင် On-Premise ထက်စာရင် Features တွေပိုပြီးအသုံးပြုနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဖုန်းပြောဆိုသူတွေ၊ call center agent တွေအနေနဲ့ အင်တာနက်ရတဲ့ ဘယ်နေရာမှာမဆို ဖုန်းခေါ်ဆိုမှုတွေပြုလုပ်နိုင်ပါတယ်။ ဒီအချက်ကတော့ work from home လုပ်တဲ့ သူတွေ သဘောကျကျတဲ့ အချက်ပါ။ နောက်ပြီး conference calling တွေခေါ်လို့ရမယ်။ Dashboard တွေနဲ့ calling condition တွေပါ analyze လုပ်လို့ရနိုင်တဲ့အထိပါပဲ။

Cloud PBX ရဲ့ အကျိုးကျေးဇူးတွေကဘာလဲ။

၁။ ကုန်ကျစရိတ်သက်သာခြင်း။

Cloud PBX ရဲ့ အကြီးမားဆုံးအကျိုးကျေးဇူးကတော့ ကုန်ကျစရိတ်သက်သာတာပါ။ သူဟာ ဘယ်ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းတွေကိုမှ ဝယ်ယူတပ်ဆင်စရာမလိုတဲ့အတွက် အယ့်ဒီ့အတွက်ကုန်ကျစရိတ်ကိုချွေတာနိုင်ပါတယ်။ စက်ကိရိယာတွေမရှိတဲ့အတွက် တပ်ဆင်စရိတ်လည်းမကုန်သလို၊ on site လုပ်ရမယ့်ပြုပြင်ထိန်းသိမ်းစရိတ်လည်းမကုန်ပါဘူး။ အင်တာနက်ပေါ်တယ်တွေကနေတဆင့် အလွယ်တကူ upgrade လုပ်လို့ရ၊ maintenance လုပ်လို့ရပါတယ်။ နောက်တစ်ချက်ကတော့ Cloud PBX အသုံးပြုသူတွေအနေနဲ့ ကိုယ်အသုံးပြုတဲ့ ဖုန်းလိုင်းအရေအတွက်သာပေးချေရပြီးတော့ အသုံးပြုတဲ့ပမာဏ လျော့သွားတာတွေ တိုးသွားတာတွေအတွက် physical equipment ပြောင်းစရာမလိုတဲ့အတွက် အယ့်ဒီ့အတွက် ကုန်ကျစရိတ်သက်သာနိုင်ပါတယ်။

၂။ အဆင့်မြင့်တဲ့လုပ်ဆောင်နိုင်မှုတွေ နဲ့ အဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်ခြင်း။

cloud-based PBX ဖုန်းစနစ် တွေဟာဆိုရင် remote workers တစ်နည်းအားဖြင့် call center agents တွေနဲ့ organization က လူတွေဟာ work from home) အလုပ်လုပ်ကြလည်း ဘယ်နေရာမှာမဆို အဆင်မြင့်တဲ့ လုပ်ဆောင်မှုတွေကိုလုပ်ဆောင်နိုင်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ IVR, call transfer & parking, call recording, instant call control, ring groups, call queuing, music on hold,call scheduling, call transfer, conference rooms နဲ့ phone directory တို့ကိုလုပ်ဆောင်နိုင်မှာပါ။ management ပိုင်းအနေနဲ့ လည်း analytics dashboard တွေနဲ့ အသုံးပြုသူတစ်ယောက်ချင်းစီရဲ့ KPI တွေကို လေ့လာနိုင်ပြီးမိမိ စီးပွားရေးရဲ့ sales အပိုင်းကော customer service မှာပါ တိုးတက်လာအောင်စွမ်းဆောင်နိုင်မှာပါ။ဒါ့အပြင် CRM တွေနဲ့ ချိတ်ဆက်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။

၃။ စိတ်ချသေချာရမှု။

cloud-based PBX ဖုန်းစနစ် တွေဟာဆိုရင် cloud တွေကို အသုံးပြုထားတဲ့ အတွက် downtime အနည်းဆုံးဖြစ်စေပြီး high quality ခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်ပါတယ်။

၄။ mobile friendly

cloud-based PBX ဖုန်းစနစ် တွေကို IP Phones တွေသာမက mobile phones တွေ desktop application တွေနဲ့ အသုံးပြုနိုင်တဲ့အတွက်ကြောင့် အသုံးပြုသူတွေအနေနဲ့ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။

၅။ဝယ်သူတွေစိတ်ကျေနပ်မှုရရှိနိုင်ခြင်း။

hotline နံပါတ် တစ်ခုထဲမှာတင် အဝင်ခေါ်ဆိုမှုပေါင်း ၅၀၀ အထိ လက်ခံနိုင်တဲ့အတွက် မှာယူတဲ့ အော်ဒါတွေတစ်ခုမှလွတ်သွားနိုင်မှာမဟုတ်ပါဘူး။ အချိန်နဲ့ အလိုက် scheduling လုပ်ပြီး call center agent တစ်ယောက်ချင်းစီကို သတ်မှတ်ပေးနိုင်တာမို့ 24/7 customer service ကို၁၀၀ ရာခိုင်နှုန်း ဝန်ဆောင်မှုပေးနိုင်ပြီး

မိမိစီးပွားရေးရဲ့ reputation လည်း မြင့်မားလာမှာဖြစ်ပါတယ်။

၆။လုံခြုံစိတ်ချရမှု။

cloud-based PBX ဖုန်းစနစ် ကို အသုံးပြုမယ်ဆိုရင် service ပေးတဲ့ ကုမ္ပဏီ အနေနဲ့ system ရဲ့ လုံခြုံစိတ်ချရမှုကိုတာဝန်ယူပေးမှာဖြစ် ပြီးလိုအပ်တဲ့ ဆော့ဖ်ဝဲ အဆင့်မြှင့်တင်မှုတွေ၊ firewall တွေ security patch နဲ့ ဆိုင်တဲ့ ကိစ္စတွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

cloud-based PBX ဖုန်းစနစ် ကိုဘယ်သူတွေအသုံးပြုသင့်လဲ။

၁။မိမိ Business ရဲ့ hotline number က အမြဲ Busy ဖြစ်နေလို့ ဖုန်းလက်ခံမှုတွေ အမြဲလိုလိုလွတ်သွားတဲံ့စီးပွားရေးလုပ်ငန်းများ။

၂။ကုန်ကျစရိတ်သက်သက်သာသာနဲ့ PBX စနစ်ကို အသုံးပြုချင်တဲ့စီးပွားရေးလုပ်ငန်းများ။

၃။ဆိုင်ခွဲတွေများလွန်းပြီး ဖုန်းနံပါတ်တွေ အများကြီးအသုံးမပြုချင်ဘဲ Hotline number တစ်ခုနဲ့သာ extensions တွေနဲ့ ချိတ်ဆက်ပြီးအသုံးပြုချင်သူများ။

၄။organizations အတွင်း ဖုန်းခေါ်ဆိုမှုများပြားလွန်းတဲ့အတွက် ဖုန်းဘေလ်အမြောက်အမြားကုန်ကျသူများ။

၅။Team တစ်ခုလုံး working from home အလုပ်လုပ်ချင်သူများ။

၆။မိမိလုပ်ငန်းရဲ့ sales and customer service team performance ကိုကိုယ်တိုင်လေ့လာပြီးစီမံခန့်ခွဲချင်သူများ။

On Premise PBX vs Cloud PBX

system ၂ခုလုံးက functionality အတူတူပဲဆိုပေမယ့် အသုံးပြုနိုင်တဲ့ features တွေတော့ကွာသွားပါတယ်။ဒါ့အပြင် equipment တွေကို ထားရတဲ့နေရာ နဲ့ maintain လုပ်ရတာ ကွာခြားသွားပါတယ်။ On premise ကတော့ ပထမဆုံးတပ်ဆင်ကြေးတွေ Maintainence လုပ်တဲ့ကြေးတွေက များပြားလှတဲ့အပြင် in house IT team ရှိဖို့လိုအပ်ပါတယ်။ cloud based ကတော့ equipment ဖိုးလုံးဝကုန်စရာမရှိတော့တဲ့ အတွက် စရိတ်စက သက်သာပေမယ့် လစဉ်ကြေးနဲ့သွားတဲ့ စနစ်နဲ့ သွားပါတယ်။ On premise PBX အသုံးပြုကြသူများအနေနဲ့ cloud based PBX ကိုပြောင်းလဲရခြင်းအကြောင်းအရင်း (၃)ချက်ကတော့ ကုန်ကျစရိတ်သက်သာတာရယ် အသုံးပြုရ လွယ်ကူတာနဲ့ အဆင့်မြင့်တဲ့ features တွေကိုအသုံးပြုနိုင်လို့ ပဲဖြစ်ပါတယ်။

cloud based pbx service ကိုအသုံးပြုချင်တဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိရဲ့ နိုင်ငံအတွင်း service providers တွေထံကနေ ဆက်သွယ်အသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ပထမဦးဆုံး cloud based PBX service provider ဖြစ်တဲ့ K-Link Enterprise Solutions Co.,Ltd. ကို ဆက်သွယ်ပြီး အသုံးပြုနိုင်ပါတယ်။