![](https://mmcloudpbx.com/wp-content/uploads/2022/01/Untitled-design-3-1200x500.png)
ဖုန်းပြောဆိုတာနဲ့ စာပို့တာမှာ ဘယ်အရာကိုရွေးချယ်သင့်သလဲ။
လေ့လာချက်များအရ ၂၀၂၂ ခုနှစ်မှာ Feature Phones တွေ သာမက Smart Phones အသုံးပြုသူဦးရေ မှာ ၇.၂၆ ဘီလီယံ ရှိလာပြီဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၉၁.၆၉ ရာခိုင်နှုန်း ဟာ ဖုန်းအသုံးပြုကြတာကိုတွေ့ရှိရမှာပါ။ Feature Phones ဆိုတာကတော့ application တွေ ရှုပ်ထွေးတဲ့ OS systems တွေ မပါတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေ မှာ အသုံးများကြတဲ့ ရိုးရိုး ဆဲလ်ဖုန်းတွေကို ပြောခြင်းသာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ ၄၇ ရာခိုင်နှုန်းသော smart phone အသုံးပြုသူ တွေဟာ ဖုန်းကိုအသုံးမပြုဘဲ မနေနိုင်ကြဘူးလို့ဆိုပါတယ်။ သာမန် ဖုန်းအသုံးပြုသူတွေဟာဆိုရင် တစ်နေ့ကို အကြိမ် ၂၀၀၀ ခန့် tap, swipe သို့မဟုတ် click လုပ်ကြပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုကြသူတွေဟာ…