fbpx

SIP TRUNKING ဆိုတာဘာလဲ။

အခုလို digital ခေတ်ကြီးထဲမှာ လူတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝတစ်လျှောက်လုံး chat , voice call, video call တွေ နဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နေကြပါတယ်။ ဒါပေမယ့် သူတို့ဒီလိုမျိုးဆက်သွယ်နိုင်ဖို့ အတွက်ကို နောက်ကွယ်က SIP Trunking နည်းပညာတွေရဲ့ အထောက်အပံ့တွေက ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဟိုးအရင် နှစ်တွေတုန်းကတော့ စီးပွားရေးလုပ်ငန်း အများစုဟာ SIP Trunk တွေ က ဘယ်လိုအလုပ်လုပ်လဲ။ အသုံးပြုမယ်ဆိုရင်ရော ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမလဲဆိုတာနဲ့ပတ်သက်ပြီး ပုံမှန်အားဖြင့် ရင်းနှီးကျွမ်းဝင်မှုမရှိကြပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းကာလတွေမှာတော့ SIP Trunking နည်းပညာကို စီးပွားရေးလောကမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အသုံးပြုလာနေပါပြီ။ Transparency Market Research အရ ကမ္ဘာလုံးဆိုင်ရာ SIP Trunking ဝန်ဆောင်မှုစျေးကွက်ဟာ ၂၀၃၀ အထိ နှစ်စဉ် ၁၃ ရာခိုင်နှုန်းအထိ ကြီးထွားနိုင်ပြီး တစ်နှစ်ထဲမှာပဲ စျေးကွ့က်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၅.၅ ဘီလီယံ အထိရောက်ရှိလာနိုင်ပါတယ်။

SIP ဆိုတာဘာလဲ။

SIP Trunk အကြောင်းကို နားလည်ဖို့ဆိုရင် ပထမဦးဆုံး SIP ဆိုတဲ့ အဓိပ္ပါယ်ကို သိဖို့လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကစပြီး ဆက်သွယ်ရေးလုပ်ငန်း တွေဟာ ဒေတာကွန်ရက်ပေါ်မှာရှိတဲ့ ဖုန်းခေါ်ဆိုမှုတွေအတွက် SIP ဆိုတဲ့ Protocol ကို စံသတ်မှတ်ပြီးရွေးချယ်အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။ SIP ရဲ့ အရှည်ကောက်ကတော့ “ Session Initiation Protocol” ဖြစ်ပြီးတော့ ဒေတာကွန်ယက် ( အင်တာနက်) ပေါ်မှာ အသံနဲ့ဆိုင်တဲ့ဆက်သွယ်မှုတွေ ကို တည်ဆောက်ဖို့အတွက် အသုံးပြုတဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ်။

SIP Trunking ဆိုတာဘာလဲ။

SIP Trunking ဆိုတာကတော့ အင်တာနက်ကနေတဆင့် အသံ နဲ့ အခြား ပေါင်းစည်းထားတဲ့ဆက်သွယ်ရေး ( Unified Communications ) ဝန်ဆောင်မှုတွေကို ပေးပို့တဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ၎င်းဟာ IP-enabled PBX( Private Branch Exchange ) နဲ့အလုပ်လုပ်ပြီးတော့ သမားရိုးကျ တယ်လီဖုန်းလိုင်းတွေ အစား SIP Trunking တွေကို အစားထိုးအသုံးပြုလာကြပါတယ်။

SIP Trunks တွေဟာ အခြေခံအားဖြင့်ပြောရမယ်ဆိုရင် အသုံးပြုသူတွေကို ဖုန်းနံပါတ်တစ်လုံးနဲ့ အင်တာနက်ကနေတဆင့် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူကိုမဆို ဖုန်းတွေခေါ်ဆိုလက်ခံနိုင်ဖို့ ပြုလုပ်ပေးတဲ့ virtual ဖုန်းလိုင်းတွေပဲ ဖြစ်ပါတယ်။ SIP ဟာ အသံအချက်ပြမှုတွေကိုထုတ်လွှင့်တဲ့နေရာမှာ နာမည်ကြီးပြီး စိတ်ချရတဲ့ နည်းလမ်းမဖြစ်ခင် Public Switched Telephone Network (PSTN) ဟာ ဖုန်းခေါ်ဆိုမှုတွေအားလုံးကို လုပ်ဆောင်ပေးနေတာပါ။ PSTN ဆိုတာကတော့ တယ်လီဖုန်းတွေနဲ့ သမားရိုးကျချိတ်ဆက်ထားတဲ့ ကြေးနီဖုန်းလိုင်းတွေပါရှိတဲ့ ကွန်ယက်တစ်ခုပဲဖြစ်ပါတယ်။ PSTN ကတော့ ဖုန်းခေါ်ဆိုမှုတစ်ခုကို ပြီးမြောက်ဖို့အတွက် point  ၂ခုကို ရုပ်ပိုင်းဆိုင်ရာအရ ချိတ်ဆက်မှု လိုအပ်တဲ့ circuit-switched network ပဲဖြစ်ပါတယ်။

SIP trunk တစ်ခုချင်းစီဟာ SIP Channels တွေ ကို ထောက်ပံ့ပါတယ်။ SIP channel တစ်ခုစီဟာ အဝင် Call သို့မဟုတ် အထွက် Call တစ်ခုနဲ့ ညီမျှပါတယ်။ SIP Trunk တစ်ခုမှာ မရေမတွက်နိုင်တဲ့ SIP channels တွေအများကြီးကို ကိုင်တွယ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ သင့်ရဲ့ လုပ်ငန်းမှာ ဘယ်လောက်ပဲ concurrent calls တွေ အများကြီးလိုအပ်နေပါစေ၊ SIP Trunk တစ်ခုပဲ လိုအပ်ပါတယ်။ channels အရေအတွက် ဘယ်လောက်လိုအပ်လဲဆိုတာ သိချင်တယ်ဆိုရင်တော့ သင့်ရဲ့ စီးပွားရေးဟာ တစ်ကြိမ်ထဲမှာပဲ ဖုန်း အရေအတွက်ဘယ်လောက် ခေါ်ဆိုမလဲဆိုတာ မူတည်ပါတယ်။ SIP နည်းပညာတွေကို အသုံးပြုပြီးတော့ ဖုန်းခေါ်ဆိုမှုတွေအပြင် video conferencing, instant messaging နဲ့ media distribution တို့ပါ ပြုလုပ်နိုင်တဲ့အတွက် SIP Trunking ဟာ အရမ်းကို flexible ဖြစ်တဲ့ အဆင့်မြင့်တဲ့ နည်းပညာတစ်ရပ်လို့ဆိုနိုင်ပါတယ်။

အကယ်လို့ အဖွဲ့အစည်းတစ်ခုဟာ သူတို့ organization ရဲ့ လိုအပ်တဲ့ Business communications အားလုံး ပါဝင်တဲ့ solution ကို လိုချင်တယ်ဆိုရင်တော့ SIP Trunking က အကောင်းဆုံးပါပဲ။ ဒါ့အပြင် SIP နဲ့ အခြား tools တွေ အကုန်လုံးကို တွဲသုံးနိုင်တဲ့အတွက် စီးပွားရေး အရ လိုအပ်တဲ့ features အတော်များများကို စိတ်ကြိုက် customize ပြုလုပ်နိုင်ပါသေးတယ်။

SIP Trunking ရဲ့ အကျိုးကျေးဇူးများ

အင်တာနက်ကို အသုံးပြုပြီး subscriber account တစ်ခုထဲနဲ့ ပြည်တွင်း ပြည်ပ ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်လို့ရနိုင်ပါတယ်။ email တွေ access လုပ်လို့ရပြီး text messages တွေကို ပို့နိုင်လက်ခံနိုင်တဲ့အတွက် SIP ဟာ အဖွဲ့အစည်းတွေအတွက် ပိုက်ဆံ အကုန်အကျသက်သာစေပါတယ်။ မိမိစိတ်ကြိုက် မိမိလိုအပ်တဲ့ channel တွေအတွက် အချိန်မရွေး အတိုးအလျော့ ပြုလုပ်လို့ရနိုင်တဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

SIP နဲ့ VoIP ကွာခြားချက်

VoIP ဆိုတာက Voice Over Internet Protocol ဖြစ်ပြီးတော့ အင်တာနက်ကနေတဆင့် ဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်အောင်ဆောင်ရွက်ပေးတဲ့ နည်းပညာတစ်ခုပါ။ VoIP မှာ Protocol တွေအများကြီး ပါဝင်ပြီး SIP ဟာဆိုရင် VoIP လုပ်ဆောင်နိုင်ဖို့အတွက် ပြုလုပ်ပေးတဲ့ သီးခြား protocol တွေထဲကတစ်ခုပါ။

SIP Trunk ဝန်ဆောင်မှုတွေ နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက K-Link Enterprise Solutions Co.,ltd မှာ လာရောက် မေးမြန်းနိုင်ပါတယ်။

Post a Comment

The Captcha image Change Image | Phonetic spelling (mp3)